ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊နတ်တလင်းမြို့နယ်တွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ဇီဝမျိုးစုံကွဲထိန်းသိမ်းရေး၊ရေသယံဇာတချွေတာသုံးစွဲရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တရားမဝင်သစ်လျော့နည်းပပျောက်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊နတ်တလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံကွဲထိန်းသိမ်းရေး၊ ရေသယံဇာတချွေတာသုံးစွဲရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၉.၆.၂၀၂၆ )ရက်နေ့၊နံနက်(၀၉:၀၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊တာပွန်မြို့၊ တာပွန်မြောက်ပိုင်းရပ်ကွပ်ဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများ နှင့် ဒေသခံပြည်သူ ကျား(၂၁)ဦး၊ မ(၄၆)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၇၀)ဦးတက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် တောအုပ်ကြီးဦးသန့်ဇော်မှ မိုးရာသီကာလရောက်ရှိပြီဖြစ်၍ သစ်ပင်စိုက်ပျိုးရေးကို ဆောင်ရွက်သင့်သည်အတွက် သစ်ပင်စိုက်ပျိုးရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့်သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ ဇီဝမျိုးစုံမျိုးကွဲများ၏ အရေးပါမှုနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများ၊ ရေချိုသယံဇာ တရှားပါးမှုကို နောင်လာနောင်သားများ မခံစားရစေရန်အတွက် ရေချိုသယံဇာတများကို ကာကွယ်ထိန်းသိမ်းပြီး၊ ချွေတာသုံးစွဲရေးနည်းလမ်းများကို လည်းကောင်း၊ တောအုပ်ဦးနိုင်လင်းအောင်မှ သစ်တောဦးစီးဌာနအနေဖြင့် ရက်(၁၀၀)စီမံချက်ကာလအတွင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေမှုများ၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆောင်ရွက်ရန် နည်းလမ်းများကိုအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

