ကျောက်တန်းမြို့နယ်၊ ကျိုက်ပါဒကြီးဆံတော်ရှင်စေတီတော် ဘုရားဝန်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

(၂၆-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၈၀၀)အချိန်တွင် သန်လျင်မြို့နယ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ကျောက်တန်းမြို့နယ်၊ ကျိုက်ပါဒကြီးဆံတော်ရှင်စေတီတော် ဘုရားဝန်း အတွင်း ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ စုစုပေါင်း အင်းအား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီးခရေ (၅၀)ပင်၊ ပျဥ်းကတိုး(၅၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ စုစုပေါင်း(၂၀၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Wednesday, June 26, 2024 - 13:15