သစ်တောဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ၂၀၂၄ -ခုနှစ် ၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအားကျင်းပ

သစ်တောဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလော ပါကယ် ကျေးရွာအုပ်စု၊ နောင်ဆံဗတ်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၏ မြောက်ဘက်၊ ရွာပိုင်မြေအတွင်း - ခန့်မှန်း မ.ပ.ည 47Q LC 134 514/ 20° 21' 16"N, 97° 12' 31"E နေရာတွင်(၂၆-၆-၂၀၂၄)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်၌ ၂၀၂၄ -ခုနှစ် ၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ -ဦးအောင်ဆန်းဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ် မ.စ.ဖ အဖွဲ့ဥက္ကဌ ဦးအောင်ဆန်းဦး၊ မ.စ.ဖ အဖွဲ့ဝင် ဗိုလ်မှူး အောင်ဇေယျ၊ မြို့နယ်ရဲမှူး မောင်မောင်ကျော်တို့မှ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံတိုင်းရင်းသားတို့အား စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ခါတော်မီ၊ ထင်းရှူး၊ ကျွန်း၊ ကုက္ကိုလ် ပျိုးပင်များပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ပြီး အခမ်းအနားအား (၀၉:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် စုစုပေါင်း တက်ရောက်အင်အား (၁၃၀)ဦးဖြင့် ခါတော်မီ(၄၀)ပင်၊ ကျွန်း(၅၀) ပင်၊ စိန်ပန်းနီ(၅၀)ပင်၊ အာဖရီကန်ကျူးလစ်(၁၀၀)ပင်၊ ကုက္ကိုလ်(၂၅၀)ပင်နှင့် ထင်းရှူး(၅၀) ပင် စုစုပေါင်း(၅၄၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Wednesday, June 26, 2024 - 14:15