ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၁၁.၆.၂၀၂၆)ရက်နေ့၊(၁၀:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ အ.လ.က-အစုကြီးတွင် သာပေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းဇော်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုကျင်းပဆောင်ရွက်ခဲ့ပါသည်။အသိပညာပေးဟောပြောပွဲတွင် ကျောင်းသားကျောင်းသူ ကျား(၆၂)ဦး၊ မ(၈၄)ဦး၊ ကျောင်းသား/သူပေါင်း(၁၄၆) ဦး၊ သစ်တောဝန်ထမ်း(၅)ဦး၊ ဆရာ (၄) ဦး၊ ဆရာမ (၅)ဦး၊ စုစုပေါင်း (၁၆၀)ဦးတက်ရောက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးသိန်းဝင်းဇော်က မိုးရာသီကာလသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသယံဇာတများ ထိန်းသိမ်းရေး၊ရေသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သာပေါင်းမြို့နယ်မှဆောင်ရွက်လျှက်ရှိသည့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကိုအသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။


