ညောင်လေးပင်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် သစ်တောဦးစီး ဌာနမှ မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနားအား (၂၆-၆-၂၀၂၄)၊ နံနက် (၈:၀၀)နာရီအချိန် တွင် ညောင်လေးပင်မြို့နယ်၊ မြို့မ(၂)ရပ်ကွက်၊ ကြားတောရဘုန်းတော်ကြီးကျောင်း၊ အနန္တ ဂုဏ်ရည်မြစေတီအနီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ညောင်လေးပင် ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာနှင့် တပ်ရင်း/ တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့/မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ တော်ပသီကျေးရွာနှင့် မြို့မ(၂)ပြည်သူ/သားများ၊ သစ်တောဦးစီးဌာန မှူးနှင့် ဝန်ထမ်းများ စုစုပေါင်း အင်အား (၉၇)ဦးတို့က (၂)ပေအထက်ရှိသော ကျွန်း (၁၀၀)ပင်၊ ခရေ(၅၀)ပင်၊ မန်ဂျန်ရှား (၂၅၀)ပင်၊ ယူကလစ် (၁၀၀)ပင် စုစုပေါင်း စိုက်ပျိုးပင်(၅၀၀) တို့အား အတူတကွ စိုက်ပျိုးနိုင်ခဲ့ပါကြောင်းနှင့် သစ်ပင်စိုက်ပွဲတော် အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Wednesday, June 26, 2024 - 14:30