မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်၊တက္ကသိုလ်(၁၀)မြို့နယ်ဆောင်အဝင်လမ်းဘေးတွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုအရ မော်လမြိုင်မြို့နယ်၊ တက္ကသိုလ်(၁၀)မြို့နယ်ဆောင်အဝင်လမ်းဘေးတွင် နိုင်ငံတော်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော်နှင့် တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပပြုလုပ်သည့် “၂၀၂၆ ခုနှစ်၊ မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲ”အား ၁၃-၆-၂၀၂၆ ရက်၊ စနေနေ့ နံနက်(၇:၃၀) နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်လက်ထောက် ညွှန်ကြားရေးမှူး၊ မော်လမြိုင်မြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား(၁၂၂၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ သင်္ကန်း၊ ပျဉ်းမ၊ စိန်ပန်း၊ မယ်ဇယ် သစ်မျိုး(၈)မျိုးဖြင့် စုစုပေါင်းပင်ရေ(၂၄၀၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, June 15, 2026 - 13:45