၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်းသို့ ကျောင်းသား၊ကျောင်းသူများနှင့်ဌာနဆိုင်ရာအရာထမ်း၊အမှုထမ်းများဝင်ရောက်လေ့လာ

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံအား ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့မှ(၂၇)ရက်နေ့ထိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-II)၌ ကျင်းပ ဆောင်ရွက် လျက်ရှိရာသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြခန်းခင်းကျင်းပြသလျက်ရှိပါသည်။ အဆိုပါ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်းအား သစ်တောဦးစီးဌာနမှ ပြခန်းတာဝန်ခံ (Focal) အဖြစ် ဆောင်ရွက်လျက်ရှိရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောတက္ကသိုလ်မှ ပူးပေါင်းခင်းကျင်းပြသလျက်ရှိကြောင်းသိရှိရပြီး ပြခန်းသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာအရာထမ်း၊အမှုထမ်းများ ဝင်ရောက်လေ့လာစည်ကားလျက်ရှိကြောင်း သိရှိရ ပါသည်။ အဆိုပါပြခန်းတွင် သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Game Play အစီအစဉ်များထည့်သွင်းပြသဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

date: 
Wednesday, June 26, 2024 - 21:30