တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၆-၆-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ၌ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ အ.လ.က(၂)အတွင်း ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်းများ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ကျား(၂၅)ဦး၊ မ(၃၉)ဦး ၊ စုစုပေါင်း(၆၄)ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးကျော်ဇံရွှေမှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူများ၏ သိရှိလိုသည်အချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများနှင့် ပျိုးပင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, June 17, 2026 - 10:00