၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်ရငွေ သစ်တောထွက်ပစ္စည်းထုတ်လုပ်မှု GDP တိုးတက်မှုနှင့် လျာထားချက်ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

သစ်တောဦးစီးဌာန၏ ၂၀၂၄- -၂၀၂၅ ဘဏ္ဍာနှစ်အစည်းအဝေးကို (၂၇-၆- ၂၀၂၄) ရက်နေ့၊ မွန်းလွဲပိုင်းတွင် သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ရာ သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဦးစီးရုံးချုပ်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးညွှန်ကြားရေးမှူးများမှ Virtual စနစ်ဖြင့် တက်ရောက်ကြ ပါသည်။
ရှေးဦးစွာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသောင်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ပြည်နယ်/တိုင်းဒေသကြီးနှင့် နေပြည် တော် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးများမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်၊ ပထမ(၃)လ ပတ်အတွင်း ရငွေနှင့် သစ်တောထွက်ပစ္စည်းထုတ်လုပ်မှု လျာထားချက်အပေါ်ဆောင်ရွက် ပြီးစီးမှု၊ GDP တိုးတက်မှုနှင့် သစ်တောလုပ်ငန်း လျာထားချက်အပေါ် ဆောင်ရွက်ပြီးစီးမှု ဒုတိယ(၃)လပတ် လျာထားချက်အပေါ် လအလိုက် ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း ဦးစီးရုံးချုပ်၊ ညွှန်ကြားရေးမှူးများမှ ဌာနအလိုက် ရှင်းလင်းတင်ပြကြပါ သည်။
တင်ပြချက်များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ဆွေးနွေးကြ ပြီး ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှုပြုခဲ့ကြောင်းသိရှိရပါသည်။

date: 
Friday, June 28, 2024 - 13:15