မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)ကျောင်းဝင်းအတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲအား(၂၉-၆-၂၀၂၄ )ရက်နေ့ (၀၇:၃၀)နာရီအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ နည်းပညာတက္ကသိုလ် (မန္တလေး)မှပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တိုင်း/ ခရိုင်/ မြို့နယ် သစ်တေါဝန်ထမ်းများ စုစုပေါင်း အင်အား(၆၀၀)ဦးဖြင့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ခရေ၊ ရင်းမာ၊ မဟော်ဂနီ၊ ငုရွှေဝါ၊ စိန်ပန်း၊ မယ်ဇယ်၊ မယ်ဇလီ စသည့် သစ်မျိုး(၁၁)မျိုး၊ စုစုပေါင်း (၆၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

date: 
Saturday, June 29, 2024 - 16:00