သစ်တောဦးစီးဌာန၊ မူဆယ်ခရိုင်၊ ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သစ်တောဦးစီးဌာန၊ မူဆယ်ခရိုင်၊ ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား (၂၉.၆.၂၀၂၄) ရက်နေ့၊ (၀၉:၀၀)နာရီတွင် လွယ်တိန်ခမ်းတောင်၊ မူဆယ်မြို့တွင်ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်အဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများစုစုပေါင်း (၃၅၀)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တပြေဘူတ၊ တပေါင်းပန်း၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ခါတော်မှီ၊ မန်ဂျန်ရှား စုစုပေါင်း (၅၀၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်း သိရှိရ ပါသည်။

date: 
Saturday, June 29, 2024 - 16:00