ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ လီဆူယဉ်ကျေးမှုကွင်း၌ စတုတ္ထအကြိမ် ပြည်နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

(၂၉.၆.၂၀၂၄)ရက်နေ့ နံနက်(၀၇:၃၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီး ရပ်ကွက် ၊ လီဆူယဉ်ကျေးမှုကွင်း၌ စတုတ္ထအကြိမ်ပြည်နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ပြီး အမြင့်(၂)ပေနှင့် အထက် (၂) နှစ်သားအရွယ် ကျွန်း(၁၄၀)ပင်၊ ပျဉ်းကတိုး (၄၀)ပင်၊ တမလန်း (၇၀)ပင်၊ ပိတောက်(၃၅)ပင်၊ဆူးထင်ရူး(၄၀)ပင် ၊ စကားဝါ (၇၅)ပင်၊ သပြေ(၆၀)ပင် ၊ မန်ဂျန်ရှား(၆၅)ပင်၊ ခရေ(၁၃၀)ပင်၊ ငါးပေါက်(၃၅)ပင်၊ အမြှောက်ဆံ(၃၈)ပင် ၊ ရေတမာ(၄၀)ပင်၊ ယင်းမာ(၄၀)ပင်၊ စုစုပေါင်း ပျိုးပင်(၈၀၈)ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ နှင့်ဝန်ထမ်းများ၊ လီဆူယဉ်ကျေးမှုအဖွဲ့များ ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ နှင့် လူမှုရေးအသင်း အဖွဲ့ ဝင်များဖြင့်အင်အား (၂၅၀)ဦးခန့် တက်ရောက်၍ ရှေးဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သတ်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး
ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, June 29, 2024 - 16:00