တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊သစ်တောဦးစီဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊သစ်တောဦးစီးဌာနမှ မိုရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၁၇.၆.၂၀၂၆) ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန် ၌ကျွန်းစုမြို့နယ်၊တောနောက်လယ်ကျေးရွာ၊အ.ထ.က(ခွဲ)တောနောက်လယ်ကျောင်းအတွင်း ကျင်းပဆောင်ရွက်ခဲ့ရာ သန္တုတ်ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူး၊သစ်တောဝန်ထမ်းများ၊ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်သူ ကျား(၆၃)ဦး၊မ(၁၁၆)ဦး၊စုစုပေါင်း(၁၇၉)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူးမှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးစုံထိန်းသိမ်းရေး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပြီး၊တက်ရောက်လာသူများ၏ သိရှိလိုသည့်အချက်များအပေါ်ပြန်လည်ရှင်းလင်းဖြေကြားခြင်းနှင့် ကျောင်းဝင်းအတွင်း မန်ဂျန်ရှားပျိုးပင်များအားသရုပ်ပြစိုက်ပျိုး ပြသခဲ့ပါကြောင်းသတင်းရရှိသည်။





