သထုံ(တွဲဘက်)ပေါင်မြို့နယ်၊သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၁၇.၆.၂၀၂၆)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်၊‌ပေါင်မြို့နယ်၊အခြေခံပညာအထက်တန်းကျောင်း၊ ဥတ္တံတားကျေးရွာ၊ကျောင်းခန်းမ ၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲ´´ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီဝင်း နှင့်ဆရာ၊ဆရာမများ၊ကျောင်းသား/သူ/များ၊ ကျား (၇၀)ဦး မ (၆၆) ဦးနှင့် ပေါင်မြို့နယ်မှသစ်တောဝန်ထမ်း(၄)ဦး၊စုစုပေါင်းကျား(၇၄)ဦး၊မ( ၆၆)ဦး၊(၁၄၀)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီးဦးဇာ်လွင်ဦးမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာခေါင်းစဥ်ဖြင့်ဆွေးနွေးဟောပြောခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျောင်းသား/သူများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, June 18, 2026 - 14:00