၈-၆-၂၀၂၆ ရက်နေ့မှ ၁၄-၆-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း(၄.၅၅၇၂)တန်၊ သစ်မာ(၁.၃၂၄၄)တန်၊ အခြား(၃၈.၀၇၈၀)တန်၊ စုစုပေါင်း(၄၃.၉၅၉၆တန်၊ ယာဉ်/ယန္တရား (၂)စီး၊ တရားခံ (၁၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၆-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လွှဲကြီးဘိနယ်၊ပေါင်းလောင်းကြိုးဝိုင်းအကွက်အမှတ်(၁၅၇)အတွင်းမှ တရားမဝင် သစ်ကဇော်/ သင်္ဂဒူ/ ဘိုင်/တောင်ပိန္နဲ/တောင်မရိုး/ကောင်းမှုသစ်လုံး/ခွဲသား/သစ်စိတ် စုစုပေါင်း(၃၁)လုံး/ချောင်း/စိပ်(၁၆.၅၄၆၄)တန်၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Thursday, June 18, 2026 - 14:30