မင်းလှမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD- KFS REDD+စီမံကိန်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက် သည့် FD-KFS REDD+ စီမံကိန်းနှင့် မင်းလှမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ဇွန်လ(၃၀)ရက် နံနက်(၉)နာရီအချိန်က မင်းလှမြို့နယ်၊ ရွှေဝါမြိုင်ပျိုးဉယျာဉ်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ သစ်တော ဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ စီမံကိန်းတာဝန်ခံ လက်‌ထောက်ညွှန်ကြားရေးမှူး၊ သာယာဝတီခရိုင် လက်ထောက်ညွှန်ကြား‌ရေးမှူး၊ မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိများနှင့် သစ်တောဝန်ထမ်း(၂၂)ဦး၊ကျေးရွာများမှ ဒေသခံပြည်သူ(၇၅)ဦး စုစုပေါင်း(၉၇)ဦး တို့ဖြင့် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက်၊ ယမနေ၊ သရက်၊ ပိန္နဲ၊ မာလကာ စုစုပေါင်း(၁၇၉၃)ပင်တို့အား တစ်ပျော်တစ်ပါးစိုက်ပျိုးခဲ့ပြီး၊ တက်ရောက်လာသော ဒေသခံပြည်သူ များကို သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Monday, July 1, 2024 - 09:45