၂၀၂၄ ခုနှစ်၊ မိုးရာသီခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို မြိတ်ခရိုင်၊မြိတ်မြို့နယ် မြိတ်တက္ကသိုလ်တွင်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီခရိုင်အဆင့် သစ်ပင် စိုက်ပျိုးပွဲတော်ကို မြိတ်ခရိုင်၊မြိတ်မြို့နယ်၊မြိတ်တက္ကသိုလ်တွင် (၃၀.၆.၂၀၂၄) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ မြိတ်ခရိုင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့်ခရိုင်ဌာနဆိုင်ရာအကြီးအကဲများ၊ မြိတ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊သူနာပြုတက္ကသိုလ်မှ ကျောင်းသူများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း (၅၀၂) ဦးတက်ရောက်ပြီး မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်မှ ခရေပင်အား စိုက်ပျိုးခဲ့ပါ သည်။ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ပျဉ်းကတိုး (၁၀၀) ပင်၊ မဟော်ဂနီ (၉၈) ပင်၊ ပိတောက် (၂)ပင်၊ ကံ့ကော်(၃၅)ပင်၊ ခရေ (၁၇၀)ပင်၊ စိန်ပန်း(၅၀)၊ ငုရွှေဝါ(၅၀)၊ မန်ဂျန်ရှား(၁၀၀)ပင်၊ စုစုပေါင်း(၆၀၅)ပင်အား အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Monday, July 1, 2024 - 09:45