မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ကံမမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ကင်း​ကျေးရွာဓမ္မာရုံ၌ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ(၁၈-၆-၂၀၂၆)ရက်နေ့(၁၂:၀၀)နာရီအချိန်တွင်ကင်း​ကျေးရွာဓမ္မာရုံ၌ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပညာ​ပေးဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးကြည်​ဌေးက သစ်တောသစ်ပင်များမှရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာသိကောင်းစရာများ၊ရာသီဥတု​ပြောင်းလဲမှု​လျော့ကျ​ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးအတွက်သစ်​တောသစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည်ကုန်ကျစရိတ်အသက်သာဆုံးနှင့်လူတိုင်းအလွယ်တကူလုပ်​ဆောင်နိုင်​သောလွန်စွာထိ​ရောက်သည့်လုပ်ငန်းဖြစ်၍သစ်ပင်စိုက်ပျိုး​ရေးအ​လေးထား​ဆောင်ရွက်ကြပါရန်​အသိပညာ​ပေးဟော​ပြောခဲ့ပါသည်။တောအုပ်ကြီး ဦးထွန်းနိုင်သန်းက သစ်​တောသစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းစနစ်များ၊သစ်​တောဦးစီးဌာနမှ နှစ်စဥ်လူထုဖြန့်ပျိုးပင်များပျိုး​ထောင်၍ ဌာနဆိုင်ရာများ၊ စာသင်​ကျောင်းများ​၊ကျေးရွာပြည်သူများသို့အခမဲ့ဖြန့်​ဝေ​ပေးလျက်ရှိ​ကြောင်း၊ပြည်သူလူထုအ​​ခြေခံလိုအပ်ချက်ဖြစ်​သောထင်း၊တိုင်​၊မျော၊သစ်ရရှိ​ရေးနှင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်​ရေးအတွက်သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရန်လိုအပ်​ကြောင်းအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ​ကျေးရွာပြည်သူများကသိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများမှရှင်းလင်းဖြေကြားခဲ့ပါသည်။ ဟောပြောပွဲသို့ကံမမြို့နယ် ကင်း​ကျေးရွာ အုပ်စုမှ​ဒေသခံပြည်သူများ၊ကံမမြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်းများ၊ ကျား(၆၉ )ဦး၊ မ(၈၄)ဦး၊စုစုပေါင်း(၁၅၃)ဦးတက််ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, June 18, 2026 - 15:15