မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်၊သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုကိပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိန်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ၊သစ်တောထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်သစ်တောဦးစီးဌာနမှ(၁၈-၆-၂၀၂၆)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊အ-ထ-က (၁)တွင် မိုးရာသီသစ်ပင် စိုက် ပျိုးရေး၊သစ်တော၊ ဇီဝ မျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်နှင့် မြူခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)” ကျင်းပရာ အ-ထ-က (၁) မှကျောင်းသား/သူ (၆၂)ဦး၊ဆရာမ(၄) ဦး၊ သစ်တောဝန်ထမ်း (၅) ဦး စုစုပေါင်း (၇၁)ဦး တက်ရောက်ပါသည်။အ ခမ်းအနားတွင် မြင်းခြံခရိုင်၊‌‌ေကျာက်ပန်း‌ေတာင်းမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဝင်း‌ ဇော် မှ မိုးရာသီတွင်သစ်ပင် စိုက် ပျိုးခြင်း၊ရရှိလာမည့်အကျိုးကျေးဇူးများနှင့်ပတ်သက်သည့်အကြောင်းအရာများကိုအသိပညာပေးဟောပြောခဲ့ခြင်း၊တောအုပ် ဦးဇော်ဦး မှ သစ်တောထိန်းသိမ်းခြင်း ၊မြူ ခိုးမြူငွေ့နှင့်ပတ်သက်သည့်အကြောင်းအရာများကိုအသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, June 18, 2026 - 15:30