တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊မြိတ်ခရိုင်၊မြိတ်မြို့နယ်၊သစ်တောဦးစီဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့မြို့နယ်၊သစ်တောဦးစီးဌာနမှ မိုရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၁၈.၆.၂၀၂၆) ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန် ၌ မြိတ်မြို့နယ်၊နောက်လယ်ရပ်ကွက်၊အ.ထ.က(၅)ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်းများ၊ကျောင်းအုပ် ဆရာကြီးနှင့်ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကျား(၄၅)ဦး၊မ(၅၉)ဦး၊ စုစုပေါင်း(၁၀၄)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြိတ်မြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများအား တက်ရောက်လာသူများကို အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောပို့ချပြီးတက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုး၊ပြုစု ခြင်းလက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး ကျောင်းဝင်းအတွင်း ထိုင်ဝမ်ဗန်ဒါနှင့်မန်ဂျန်ရှားပျိုးပင်များအားသရုပ်ပြစိုက်ပျိုး ပြသခဲ့ပါကြောင်းသတင်းရရှိသည်။



