ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင်"မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၁၈.၆.၂၀၂၆)ရက်နေ့ ၊နံနက်(၀၉:၁၅)နာရီအချိန်တွင် သာယာဝတီမြို့နယ်၊ဖားရွှေကျော်ကျေးရွာအုပ်စု၊ဖားရွှေကျော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ(အ.လ.က)ဖားရွှေကျော်ကျောင်းမှ ဆရာမ(၃)ဦး၊ ကျောင်းသား(၃၈)ဦး၊ ကျောင်းသူ( ၅၃)ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၉၉)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ဦးစီးအရာရှိ ဦးပိုင်ဘုန်းထွဋ်မှ သစ်ပင်စိုက်ပျိုးခြင်းနှင့်သစ်တောထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့်တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် စာသင်ကျောင်းဝန်းအတွင်း ကျောင်းသား/ကျောင်းသူများနှင့်အတူ ကျွန်း၊ပျဉ်းကတိုး၊ပိတောက်၊ပျဥ်းမ၊ကံ့ကော်၊စိန်ပန်း၊ခရေ၊ရေတမာစသည့်သစ်မျိုးများ စုစုပေါင်း(၁၀၀)ပင်စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။




