ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင်"မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၈-၆-၂၀၂၆)ရက်နေ့နံနက်( ၁၁:၀၀)နာရီအချိန်တွင်ကြို့ပင်ကောက်မြို့နယ်၊ရွာသစ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်ကျင်းပဆောင် ရွက်ခဲ့ရာရွာသစ်ကျေးရွာမှ အမျိုးသား(၂၅)ဦး၊ အမျိုးသမီး(၆၀)ဦးနှင့်သစ်တောဦးစီးဌာနမှဝန်ထမ်း(၃)ဦး၊စုစုပေါင်း(၈၈)ဦးတက်ရောက်ခဲ့ပါသည်။‎အခမ်းအနားတွင်ဦးစီးအရာရှိ ဦးတင်မြတ်မှ သစ်ပင်စိုက်ပျိုးခြင်းနှင့်သစ်တောထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့်တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, June 19, 2026 - 11:15