ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်းခေါင်းကန်ရေထွက်ဦး၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

(၃၀-၆-၂၀၂၄)ရက်နေ့ နံနက် (၀၇:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်းခေါင်းကန် ရေထွက်ဦး၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ တပ်ရင်းတပ်ဖွဲ့ တပ်ရင်းမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးမင်းစိုးနိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများ စုစုပေါင်း(၃၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရန် သစ်ပင်များ ပေးအပ်ခြင်း၊ တက်ရောက်လာသူများက သစ်ပင်စိုက်ပျိုးမည့် နေရာများတွင် နေရာယူ၍ ကျွန်း (၄၀၀)ပင်၊ စိန်ပန်းပြာ (၂၀၀) ပင်၊ မျောက်ငို (၃၀၀) ပင်၊ ခါတော်မီ (၁၀၀)ပင် စုစုပေါင်း (၁,၀၀၀) ပင်တို့အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Monday, July 1, 2024 - 10:00