FD-KFS REDD+စီမံကိန်းမှ ဖွင့်လှစ်သော "တရားမဝင်သစ်လျော့နည်း ပပျောက်ရေးနှင့် CMRS အားကောင်းလာစေရေး စွမ်းဆောင်ရည်မြင့်တင်ခြင်းသင်တန်းအမှတ်စဉ်(၂)"ဖွင့်လှစ်

ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် FD- KFS REDD+ စီမံကိန်းနှင့် သစ်တောဦးစီးဌာန၊ စစ်ဆေးရေးဌာနတို့ ပူးပေါင်း၍ "တရားမဝင်သစ်လျော့နည်း ပပျောက်ရေးနှင့် CMRS အားကောင်းလာစေရေး စွမ်းဆောင်ရည် မြင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၂)"ကို သာယာဝတီခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး တွင် ဖွင့်လှစ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ virtual အနစ်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တို့မှ တောအုပ်ကြီး၊ တောအုပ် သင်တန်းသား (၂၀) ဦးဖြင့် (၂၉.၆.၂၀၂၄) ရက်နေမှ (၁.၇.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိပါကြောင်း သိရှိရပါသည်။

date: 
Monday, July 1, 2024 - 10:45