သထုံ(တွဲဘက်)ပေါင်မြို့နယ်၊ကျွဲခြံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ခန်းမ၌သဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၁၉-၆-၂၀၂၆)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၊‌ပေါင်မြို့နယ်၊ကျွဲခြံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌" သဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ကျွဲခြံကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊၊ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများစုစုပေါင်းကျား(၁၃၃)ဦး မ(၁၆၅)ဦးနှင့် ပေါင်မြို့နယ်မှသစ်တောဝန်ထမ်း(၂)ဦး၊စုစုပေါင်း ကျား/မ၊(၃၀၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးမှ သဘာဝတောများမှထင်းအစားထိုး စွမ်းအားမြှင့် မီးဖိုများတိုးချဲ့သုံးစွဲရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တရားမဝင်သစ်လျော့နည်းပပြောက်ရေးခေါင်းစဉ်ဖြင့် လည်းကောင်းဆွေးနွေးဟောပြောခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ရပ်ကွက်သူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းသည်။

date: 
Monday, June 22, 2026 - 10:15