သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပခြင်း

(၁.၇.၂၀၂၄) ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ ၌ ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါက်တာသင်းသင်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့် စာရင်း အင်းဌာနမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ ဒေါက်တာ ဆုစန္ဒာအောင်(ဦးစီးအရာရှိ)မှ ကမ္ဘောဒီးယားနိုင်ငံတွင်တက်ရောက်ခဲ့သည့် အာဆီယံငှက်ပျံသန်းရာ လမ်းကြောင်းကွန်ရက်(ASEAN Flyway Network-AFN)၏ တတိယ အကြိမ် အစည်းအဝေး၊ AFN နည်းပညာဆိုင်ရာဖိုရမ်နှင့် အာဆီယံဒေသအတွင်းရှိ ရေဝပ်ဒေသများနှင့် ရွှေ့ပြောင်းရေပျော်ငှက် များ မြှင့်တင်ခြင်းစီမံကိန်း(Phase-II)အတွက် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်ခြင်းနှင့် ပတ်သက်သည့်အတွေ့အကြုံ များအားလည်းကောင်း၊ ဦးအောင်ဇော်မိုး(သုတေသနအရာရှိ) သစ်တောသုတေသနဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တက်ရောက်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် သုတေသန လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ခြင်းစီမံကိန်း၏ နားလည်မှုစာချွန်လွှာနှင့် နောက်ဆက်တွဲ သဘောတူညီချက်တို့အား လက်မှတ်ရေးထိုးနိုင်ရေးခရီးစဉ်နှင့် ပတ်သက်သည့် အတွေ့အကြုံများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းမှုများအပေါ် ပြန်လည် ဖြေကြားဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Monday, July 1, 2024 - 14:00