ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၁၉-၆-၂၀၂၆)ရက်နေ့ ၊နေ့လည်(၁၄:၃၀)နာရီအချိန်တွင် ပေါက်ခေါင်းမြို့ အ​ခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ (၃)ဦး၊ကျောင်းသား (၃၂)ဦး၊ကျောင်းသူ(၂၈)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး စုစုပေါင်း(၆၇)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင်တောအုပ်ကြီး-ဦးဆန်းသိန်းမှ သစ်ပင်စိုက်ပျိုးခြင်းနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ တောအုပ်ကြီး-ဦးကျော်သူအောင်မှ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းးရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပါသည်။ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များအပေါ်ပြန်လည်ရှင်းလင်းဖြေကြားခြင်း ကျင်းပဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, June 22, 2026 - 10:30