သရက်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ၌အမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်ေစရန်လှုံ့ ဆော်မှုကိုတားဆီးခြင်းအသိပညာပေးဟောပြောပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေးအသိပညာပေးဟောပြောပွဲ၊လူငယ်စကားဝိုင်းတို့အားကျင်းပ
၁၉-၆-၂၀၂၆ ရက်နေ့ ၁၃:၀၀နာရီအချိန်တွင် သရက်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ၌ အမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်ေစရန်လှုံ့ ဆော်မှုကိုတားဆီးခြင်းအသိပညာပေးဟောပြောပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေးအသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်းတို့အား ကျင်းပဆာင်ရွက်ရာသရက်ခရိုင်သစ်တောဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းမိုးက မိုးရာသီသစ်ပင်စိုက်ပျိုးရေးအသိပညာပေးဟောပြောခြင်း၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာ video clip ပြသခြင်း၊ သရက်မြို့နယ်သစ်တောဦးစီးဌာနမှူးက သစ်တောကြေးမုံစာဆောင် (၂၅)ဆောင်အား ကျောင်းစာကြည့်တိုက်သို့ ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၁၁၀)ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။


