မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်မြို့နယ် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်မြို့နယ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် (၁.၇.၂၀၂၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင်ကျင်းပရာ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းဇော်ဦး၊ ဒုတိယပါမောက္ခချုပ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြိုနယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းနှင့် ဝန်ထမ်း များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသာသူများ(၃၇၀) ကျော်တို့က မဟောဂနီ(၁)ပင်၊ ငုဝါ(၁)၊ ပိတောက်(၁)ပင်၊ ကံကော်(၃၀)ပင်၊ စိန်ပန်း(၈၀)ပင် နှင့် ခရေ(၂၂၀)ပင် စုစုပေါင်း ပျိုးပင်(၃၇၅)ပင် စုပေါင်း စိုက်ပျိုးခဲ့ကြပါကြောင်း သိရှိရပါသည်။

date: 
Monday, July 1, 2024 - 16:00