“ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းမှ ဖမ်းဆီးရမိသော တောရိုင်း တိရစ္ဆာန်များအား တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)သို့ သယ်ဆောင်ပြသထားရှိမှု”

(၁၉-၆-၂၀၂၄) ရက်နေ့ (၁၅:၂၀) နာရီအချိန်တွင် စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး ဦးဆောင်သောအဖွဲ့မှ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာအတွင်း ခန့်မှန်းမြေပုံညွှန်း NC-972679 နေရာ၌ ဝင်ရောက်ရှာဖွေရာ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးများနှင့်အတူ အာဖရိကခြင်္သေ့ (အထီး) (၁) ကောင်၊ ဘင်္ဂလား ကျား (အမ) (၁) ကောင်၊ ဟိမဝန္တာဝက်ဝံ (အထီး) (၁) ကောင်၊ (အမ) (၁) ကောင် စုစုပေါင်း (၄) ကောင်တို့အား ဖမ်းဆီးရမိသဖြင့် အဆိုပါဖမ်းဆီးရမိသော တိရစ္ဆာန်များအား တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)တွင် ပြသရန်အတွက် တိရစ္ဆာန်များ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းကို Htoo Zoos & Gardens Business Unit မှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးနှင့်အတူ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစောစီးလာ၊ မြန်မာ့သစ်လုပ်ငန်းမှ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာကျော်ငြိမ်းတို့ ဦးဆောင်ပြီး ၂၅-၆-၂၀၂၄ ရက်နေ့မှ ၃၀-၆-၂၀၂၄ ရက်နေ့အတွင်း ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်းနှင့် အများပြည်သူကြည့်ရှုနိုင်ရန်အတွက် ဟိမဝန္တာဝက်ဝံ (အထီး) (၁) ကောင်နှင့် (အမ) (၁) ကောင်ကို တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)တွင်လည်းကောင်း၊ အာဖရိကခြင်္သေ့ (အထီး) (၁) ကောင်နှင့် ဘင်္ဂလားကျား (အမ) (၁) ကောင်ကို ဆာဖာရီဥယျာဉ် (နေပြည်တော်)တွင်လည်းကောင်း ပြသထားရှိပါသည်။

date: 
Tuesday, July 2, 2024 - 12:15