သထုံမြို့နယ်၊ထောင်မှူးကျေးရွာ ၌တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်စေရေးနှင့်သ‌ဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးအသိပညာပေးဟောပြောပွဲကျင်းပ

(၂၁.၆.၂၀၂၆) ရက်‌နေ့၊(၁၀:၀၀) နာရီအချိန်၊သထုံမြို့နယ်၊ထောင်မှူးကျေးရွာ၊စစ်မှုထမ်းဟောင်းရှင်း လင်းဆောင်၌"တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်စေရေးနှင့်သ‌ဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးအသိပညာပေးဟော ပြောပွဲကျင်းပရာ ထောင်မှူးကျေးရွာမှကျေးရွာသူကျေးရွာသား ကျား(၂၆)ဦး၊မ(၂၉)ဦး၊ သစ်တောဝန်ထမ်း (၅)ဦး စုစုပေါင်း(‌၆၁)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင်သထုံမြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီး ဦးဟိန်းဘိုဟန်မှ တရားမဝင်သစ်ထုတ်လုပ်မှုလျော့ နည်းပပျောက်စေရေးနှင့်သဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲစေရေးခေါင်း စဉ်ဖြင့်ဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, June 22, 2026 - 15:15