ပန်းတနော်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်တောဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တို့ ပူးပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို (၂-၇-၂၀၂၄)ရက်နေ့၊ နံနက်(၈:၀၀နာရီအချိန်တွင် ဂုံမင်းကျေးရွာ တောရဘုန်းကြီးကျောင်းဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့သည်။ သဘာဝ ပတ်ဝန်း ကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမင်းအေးချမ်းဇွန်၊ သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ(တောအုပ်)ဦးသန့်ဇင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ဒေသခံပြည်သူများက မန်ဂျန်ရှား (၈၉)၊ မဟော်ဂနီ (၉၀)၊ ကျွန်း (၁)၊ ကံကော် (၁)၊ ခရေ (၁)၊ တပေပူတ (၁) စုစုပေါင်း (၁၈၃)ပင်အားပနက်အကွာအဝေး ၆ပေဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

date: 
Tuesday, July 2, 2024 - 12:30