မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲကျင်းပ
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနအမှတ်(၂)နယ်မြေတာဝန်ခံ တောအုပ်ကြီး ဦးမိုးထက်အောင်ပါ(၃)ဦးအဖွဲ့သည် သာစည်မြို့နယ်၊ယင်းမာပင်ကျေးရွာ၊ သစ်တောရုံး ဝန်းးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲအား (၂၁.၆.၂၀၂၆)ရက်နေ့၊(၁၁:၁၅)နာရီတွင် ကျင်းပဆောင်ရွက်ရာ ကျား(၃၅)ဦး၊ မ(၂၂)ဦး စုစုပေါင်း(၅၇)ဦး တက်ရောက်ပါသည်။အဆိုပါဟောပြောပွဲကို တောအုပ်ကြီး ဦးမိုးထက်အောင်မှ ပတ်ဝန်းကျင် စိမ်းလန်းသာယာလှပစေရန် သစ်တောသစ်ပင်များစိုက်ပျိုးရန်၊`ဥတုရာသီ၊တောကိုမှီ'ဆိုသကဲ့သို့ သစ်ပင်များနှစ်စဉ်စိုက်ပျိုးသွားခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊'တစ်ပင်မှတစ်တော၊တစ်တောမှ တစ်တောင်တို့စွမ်းဆောင်' စိုက်ပျိုးပါက လက်ရှိနှင့်အနာဂတ်ရရှိနိုင်သည့် ခံစားမှုများ၊သစ်တောသစ်ပင်များမှ အကျိုးပြုသည့် အကြောင်းတရားများ၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရမည့် အကြောင်းအရာများ၊ သစ်တောသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရန် ပြည်သူလူထုများသစ်ပင်စိုက်ပျိုးလာစေဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆွေးနွေးဟောပြောခဲ့ပါသည်။တက်ရောက်လာသူများအား အဟာရမုန့်များဝေငှခြင်း ယင်းမာပင်သစ်တောရုံးဝန်းအတွင်း စိုက်ပျိုးထားရှိသော စန္ဒကူးစိုက်းခင်းအတွင်းလိုက်လံပြသရှင်းလင်းခြင်းဆောင်ရွက်ပါသည်(၁၁:၅၀)နာရီတွင် ဟောပြောပွဲပြီးစီးကြောင်းသတင်းရရှိသည်။



