လပွတ္တာမြို့နယ်သစ်တောဦးစီးဌာနမှ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သော မြန်မာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

လပွတ္တာမြို့နယ်သစ်တောဦးစီးဌာနမှ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သော မြန်မာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲကို(၂.၇.၂၀၂၄)ရက်နေ့၊နံနက်(၈:၀၀)နာရီအချိန်တွင် ၃-မိုင်မြို့သစ်၊ ခရေလမ်း(ဆေရုံဝန်းအနီး)၊ လပွတ္တာမြို့တွင် ကျင်းပခဲ့ပါသည်။ စိုက်ပျိုးပွဲသို့ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလွင်ကိုဦး ဦးဆောင်၍ ခရိုင်အမျိုးသမီးရေးရာ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဖြူဖြူဝင်၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ NGOsများ ပြည်သူများ စုစုပေါင်းအင်အား(၃၃၀)ဦး တက်ရောက်ပြီး ပိတောက်၊ ခရေ၊ မဟော်ဂနီ၊ ငု‌ရွှေဝါ၊ မန်ဂျန်ရှား စုစုပေါင်းအပင်(၅၀၀)ပင်အား ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Tuesday, July 2, 2024 - 12:30