ညောင်ဦးခရိုင်၊ ​ညောင်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမီးခိုးမြူ​ငွေ့​ညစ်ညမ်းမှု​လျော့ချ​ရေး၊မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲကျင်းပ

ညောင်ဦးခရိုင်၊ ​ညောင်ဦးမြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးသန့်ဇင်_၆ သည် ​ညောင်ဦးမြို့နယ်၊အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနပိုင်၊ အ​နော်ရထာခန်းမ၌ မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုဆိုင်ရာ​လျော့ချ​ရေး၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲအား(၂၂.၆.၂၀၂၆)ရက်နေ့၊(၁၁:၀၀)နာရီတွင်ကျင်းပဆောင်ရွက်ရာရပ်မိရပ်ဖများ၊ရပ်​ကျေးစာ​ရေးများကျား(၄၅)ဦး၊ မ(၁၀)ဦး စုစုပေါင်း(၅၅)ဦးတက်ရောက်ပါသည်။အဆိုပါဟောပြောပွဲကို ဦးစီးအရာရှိဦးသန့်ဇင်_၆မှ မီးခိုးမြူ​ငွေ့နှင့်ပတ်သက်​သောအ​ကြောင်းအရာများ၊မီးခိုးမြူ​ငွေ့​ကြောင့်ဖြစ်ပွားတတ်​သော​ရောဂါများ၊မီးခိုးမြူ​ငွေ့​လျော့ချ​ရေးနည်းလမ်းများ​ ဟော​ပြောခြင်း၊ပတ်ဝန်းကျင် စိမ်းလန်းသာယာလှပစေရန် သစ်တောသစ်ပင်များစိုက်ပျိုးရန်၊"ဥတုရာသီ၊တောကိုမှီ"ဆိုသကဲ့သို့ သစ်ပင်များနှစ်စဉ်စိုက်ပျိုးသွားခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊"တစ်ပင်မှတစ်တော၊တစ်တောမှ တစ်တောင်တို့စွမ်းဆောင်"စိုက်ပျိုးပါကလက်ရှိနှင့်အနာဂတ်ရရှိနိုင်သည့် ခံစားမှုများ၊သစ်တောသစ်ပင်များမှ အကျိုးပြုသည့် အကြောင်းတရားများ၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကြောင့်ရရှိနိုင်မည့် အကျိုး ကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရမည့် အကြောင်းအရာများ၊ သစ်တောသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရန် ပြည်သူလူထုများ သစ်ပင်စိုက်ပျိုးလာစေဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆွေးနွေးဟောပြောခဲ့ပါသည်။(၁၁:၅၀)နာရီတွင် ဟောပြောပွဲပြီးစီးကြောင်း သတင်းရရှိသည်။

date: 
Monday, June 22, 2026 - 15:30