ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

‎ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၂၂.၆.၂၀၂၆)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊အ.ထ.က နတ်တလင်းခန်းမတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အ.ထ.က နတ်တလင်းမှ ကျောင်းအုပ်ဆရာမကြီး(၁)ဦး၊ ဆရာ/ဆရာမ(၄)ဦး၊ Grade-9နှင့် Grade-10မှ ကျောင်းသား(၆၀)ဦး၊ ကျောင်းသူ(၄၈)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၁၁၆)ဦးတက်ရောက်ခဲ့ပါသည်။
‎အခမ်းအနားတွင်ဦးစီးအရာရှိ ဦးအောင်အောင်ဌေးမှသစ်ပင်စိုက်ပျိုးခြင်းနှင့်သစ်တောထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့်တောအုပ်ကြီး ဦးသန့်ဇော်မှ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက်တက်ရောက်လာသော ကျောင်းသား/သူများမှသိရှိလိုသည်များမေးမြန်းခြင်းကို ရှင်းလင်းဖြေကြားခြင်းဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ကျောင်းစာကြည့်တိုက်တွင်ထားရှိရန်အတွက် အ.ထ.က နတ်တလင်းကျောင်းအုပ်ဆရာမကြီးထံသစ်တောကြေးမုံစာအုပ်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, June 22, 2026 - 15:30