လူမှုစီးပွားအထောက်အကူပြု “ဈေးကွက်ဝင်ဝါးပရိဘောဂပြုလုပ်ခြင်း” သင်တန်းဖွင့်လှစ်ခြင်း

သစ်တောဦးစီးဌာနနှင့် AFoCO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော AFoCO RETC စီမံကိန်း သင်တန်းကျောင်းတွင် ဒေသခံဖွံ့ဖြိုးတိုးတက်ရေး “ဈေးကွက်ဝင် ဝါးပရိဘောဂ ပြုလုပ်ခြင်းသင်တန်း”ကို နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူ(၂၄)ဦး အား ဖိတ်ကြား၍ ၁-၇-၂၀၂၄ ရက်နေ့မှ ၇-၇-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။
အဆိုပါသင်တန်းသည် (က) အရင်းအမြစ် ကြွယ်ဝသည့် သစ်မဟုတ်သည့် သစ်တော ထွက်ပစ္စည်းဖြစ်သော ဝါးဖြင့် ပရိဘောဂပြုလုပ်ခြင်း အတတ်ပညာကို ဒေသခံပြည်သူများ အား သင်ကြားပို့ချရန်၊ (ခ) တာရှည်ခံ၍ ဈေးကွက်ဝင်သော ဝါးထုတ်ကုန်မှ ဝင်ငွေအခွင့် အလမ်းအား မြှင့်တင်ပြီး ဒေသခံပြည်သူသစ်တောအခြေပြု စီးပွားရေးလုပ်ငန်းကို အထောက် အကူ ပြုနိုင်ရန်နှင့်(ဂ)သစ်တော၊ သစ်ပင်အပေါ် တိုက်ရိုက်မှီခိုမှုအား လျော့ချပြီး သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပဖွင့်လှစ်ခြင်း ဖြစ်ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁-၇-၂၀၂၄ ရက်နေ့ နံနက် (၉:၀၀)နာရီတွင် ကျင်းပခဲ့ပြီး သစ်တောဦးစီးဌာန၊ AFoCO Secretariat နှင့် မြန်မာနိုင်ငံကြိမ်နှင့်ဝါး လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းဆရာနှင့် သင်တန်းသား စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ကြပါသည်။

date: 
Tuesday, July 2, 2024 - 14:30