ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သစ်တောဦးစီးဌာနမှအစိုးရဌာနဆိုင်ရာများ၏ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို( ၂၂.၆.၂၀၂၆ )ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင်ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဝါးတောကြီးကျေးရွာ၊ အခြေခံမူလတန်းလွန်ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာကျောင်းဆရာမ(၅) ဦး၊ ကျောင်းသား(၃၈)ဦး၊ ကျောင်းသူ (၂၂)ဦးနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်း(၅)ဦး၊ စုစုပေါင်း (၇၀)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဦးစီးအရာရှိ ဦးသူရအောင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တောဦးစီးဌာနမှ မိုးရာသီတွင်ပျိုးပင်များအားအခမဲ့ဖြန့်ဝေပေးနေမှု အခြေအနေ၊ သစ်တောဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှသိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



