၂၄-၆-၂၀၂၄ ရက်နေ့မှ ၃၀-၆-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၀.၇၃၈၄)တန်၊ သစ်မာ (၂.၀၉၅၀)တန်၊ အခြား (၃၅.၃၂၈၅)တန်၊ စုစုပေါင်း (၅၈.၁၆၁၉)တန်၊ ယာဉ်/ ယန္တရား (၄)စီး၊ တရားခံ (၁၅)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၈-၆-၂၀၂၄ ရက်နေ့၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင် ဘိနယ်၊ စက်မှုဇုန်(၂)၊ ဒီပဲယင်းဝန်ထောက်ဦးမြလမ်း၊ အမှတ်(၁၂၀၊ ၁၂၁)ရှိ FUDARK Enterprise Co.,Ltd ပိုင် သစ်စက်(အချောထည်)စက်ရုံအတွင်းမှ တရားမဝင် ကျွန်း ခွဲသား (၆၁၂)ချောင်း (၈.၆၅၂၇)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Tuesday, July 2, 2024 - 15:45