ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်တွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ"ကျင်းပ

‎ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊သစ်တောဦးစီးဌာနမှရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို(၂၂.၆.၂၀၂၆)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ်၊ကျုံကျိုက်ကျေးရွာအုပ်စု၊ကျုံကျိုက်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ(အ.ထ.က)ကျုံကျိုက်ကျောင်းမှ ဆရာမ(၄)ဦး၊ကျောင်းသား(၁၆၂)ဦး၊ကျောင်းသူ(၅၆)ဦးနှင့်သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၂၂၅ )ဦးတက်ရောက်ခဲ့ပါသည်။‎အခမ်းအနားတွင် တောအုပ်ကြီး ဦးပိုင်ဇင်ဦးမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအား သစ်ပင်စိုက်ပျိုး၊ပြုစု ခြင်းလက်ကမ်း စာ‌စောင်များဖြန့်ဝေပေးပြီး ကျောင်းဝင်းအတွင်း ခရေ၊‌ ရေတမာ၊ ပျဉ်းမနှင့် မန်ဂျန်ရှားပျိုးပင်များအားသရုပ်ပြစိုက်ပျိုးပြသခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Tuesday, June 23, 2026 - 09:30