သစ်တောဦးစီးရုံးချုပ် Settlement Unit အစည်းအဝေးအမှတ်စဉ် ၂/ ၂၀၂၄ ကျင်းပ

သစ်တောဦးစီးရုံးချုပ် Settlement Unit အစည်းအဝေးအမှတ်စဉ် ၂/ ၂၀၂၄ ကို (၂-၇-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်( မူဝါဒနှင့် စီမံကိန်း) ဦးဖေချစ် တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။ဒုတိယညွှန်ကြားရေးမှူးချုပ် ( မူဝါဒနှင့် စီမံကိန်း)က သစ်တောဦးစီးဌာနအနေဖြင့် ၁၉၉၅ ခုနှစ်၊ မြန်မာ့သစ်တောမူဝါဒပါ ရည်မှန်းချက်အရသော်လည်းကောင်း၊ ပါရီသဘော တူညီချက်အရသော်လည်းကောင်း၊ နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်းနှုန်းကို ကြိုးဝိုင်း/ ကြိုးပြင်ကာ ကွယ်တောများအဖြစ်သော်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေ များအဖြစ်သော်လည်းကောင်း ဆောင်ရွက်သွားရန်အတွက် NDC ကတိကဝတ်များ၊ မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ထိ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော ၂၅.၈၈ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၆.၄၃ ရာခိုင်နှုန်းအား ဖွဲ့စည်းသတ်မှတ်ပြီးဖြစ်ပါ ကြောင်း၊ လျာထားချက်ပြည့်မီရန်အတွက် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောအနေဖြင့် လစဉ် ၈၈,၂၉၈ ဧကနှင့် နှစ်စဉ် ၁,၀၅၉,၅၇၆ ဧက၊ သဘာဝထိန်းသိမ်းရေးနယ်မြေအနေဖြင့် လစဉ် ၇၆,၄၃၂ ဧက နှင့် နှစ်စဉ် ၉၁၇,၁၈၄ ဧက ဖွဲ့စည်းသွားရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် Settlement Unit ဥက္ကဌအနေဖြင့် မိမိတိုင်း ဒေသကြီး/ ပြည်နယ်ရှိ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ များအား မည်သည့် အဆင့်တွင် ရောက်ရှိနေကြောင်းစုံစမ်း၍ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး သက်ဆိုင်ရာ အလိုက် တွန်းအားပေးညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းမှာကြားပါသည်။ထို့နောက် အစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၄ ) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများတိုးချဲ့ဖွဲ့စည်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုဦးပြည့်စိုးကိုကို(ဦးစီးအရာရှိ)မှလည်းကောင်း၊ သဘာဝထိန်း သိမ်းရေးနယ်မြေများ တိုးချဲ့သတ်မှတ်ခြင်းအခြေအနေကို ဦးငြိမ်းအောင် (ဦးစီးအရာရှိ) မှ လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် နေပြည်တော်၊ ပြည်နယ်/ တိုင်းဒေသ ကြီး Settlement Unit ဥက္ကဌများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးကြပါသည်။ ဆွေးနွေးချက် များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)က လိုအပ်သည်များကို ဖြည့်စွက် လမ်းညွှန်မှုပြုခဲ့ပါသည်။အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်၊ ညွှန်ကြားရေးမှူးများ၊ ဦးစီးရုံးချုပ် Settlement Unit အဖွဲ့ဝင်များ တက်ရောက် ကြပြီး နေပြည်တော်၊ ပြည်နယ်/ တိုင်းဒေသကြီး Settlement Unit ဥက္ကဌများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

date: 
Wednesday, July 3, 2024 - 13:15