သံဖြူဇရပ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

၂၂-၆-၂၀၂၆ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန် သံဖြူဇရပ်မြို့၊ ဝါခရူကျေးရွာ၊ကံကောင်းခြင်းရတနာထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီလီမိတက် ရှင်းလင်းဆောင်တွင် သံဖြူဇရပ်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေးသစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆိုင်ရာဟောပြောခြင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် အခမ်းအနားသို့စက်ရုံဝန်ထမ်းများ၊စက်ရုံလုပ်သားများ၊ဒေသခံများနှင့်သစ်တောဝန်ထမ်းများ ကျား(၂၇)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း(၅၆)ဦးတက်ရောက်ပါကြောင်းသတင်းရရှိသည်။

date: 
Tuesday, June 23, 2026 - 11:00