ကံမမြို့နယ်နှင့်မင်းတုန်းမြို့နယ်တို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကျင်းပ

(၃-၇-၂၀၂၄)ရက်နေ့၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကံမမြို့နယ်၊ သစ်တောဦးစီးဌာနမှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား(၂၅၇)ဦးဖြင့်ကံမမြို့နယ်၊ ခြောက်ပင်အထက်တန်းကျောင်း အတွင်း ကျွန်း(၅၀)ပင်၊ ပျဉ်းကတိုး (၅၀)ပင်၊ ပိ‌တောက်(၅၀)ပင်၊ ခရေ(၅၀)ပင်၊ တမာ(၂၀၀) ပင် စုစုပေါင်းအပင်(၄၀၀)ကို စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။
မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းတုန်းမြို့နယ် သစ်တော ဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုစုပေါင်းအင်အား(၁၂၅)ဦးဖြင့် မြို့နယ်လျပ်စစ်ဓါတ်အားခွဲရုံရှေ့ မြေကွက် လပ် နှင့် အမှတ်(၄)ရပ်ကွက်၊ ရွှေဂူလမ်းတစ်လျောက် မဟာလှေကား(၂၅၀)ပင်၊ စိန်ပန်းပြာ (၂၅၀)ပင်၊ စုစုပေါင်းအရိပ်ရ ပန်းလှသစ်ပင်(၅၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရ ပါသည်။

date: 
Thursday, July 4, 2024 - 10:30