သံဖြူဇရပ်မြို့နယ်၊ကျိုက္ခမီမြို့၊သီရိမြိုင်ရပ်၊အခြေခံပညာအလယ်တန်းကျောင်း၊အစည်းအဝေးခန်းမသစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
၂၂-၆-၂၀၂၆ရက်နေ့၊ နေ့လည်(၂:၀၀)နာရီအချိန် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ သီရိမြိုင်ရပ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ရာသံဖြူဇရပ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းမှဆွေးနွေးဟော ပြောခဲ့ပါသည်။ ထို့နောက် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများမှသိရှိလိုသည်များအား မေးမြန်းသည်ကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ဟောပြေပွဲသို့ဆရာမ(၂၆)ဦး၊ ကျောင်းသား(၁၀၈)ဦး၊ ကျောင်းသူ(၁၃၆)ဦး၊ သစ်တောဝန်ထမ်း(၆)ဦး၊ ကျား(၁၁၄)ဦး၊ မ(၁၆၂)ဦး၊ စုစုပေါင်း(၂၇၆)ဦးတက်ရောက်ပါကြောင်းသတင်းရရှိသည်။



date:
Tuesday, June 23, 2026 - 11:00
