မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်နှင့် စလင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်သစ်တောဦးစီးဌာနမှ (၃.၇.၂၀၂၄) ရက်နေ့၊ နံက်(၈)နာရီအချိန် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ရိုးကြီးကျေးရွာ၊ အခြေခံမူလတန်း ကျောင်းဝန်းအတွင်းကျင်းပခဲ့ရာ၊ မင်းဘူးမြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့၊ စိမ်း/စို၊ ပတ်/ထိန်း၊ ဘေးမဲ့တော၊ သစ်တော၊ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မီးသတ်၊ စည်ပင်၊ စိုက်ပျိုး‌ရေး၊ ဆရာ/ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ စုစု‌ပေါင်းအင်အား(၃၀၅)ဦးခန့် တက်ရောက် စိုက်ပျိုးခဲ့ပြီးသစ်တောဦးစီးဌာနမှ ယင်းမာ(၃၀)ပင်၊ တမာ(၃၀)ပင်၊ ပိတောက်(၃၀)ပင်၊ ဆီသပြေ(၃၀)ပင်၊ မယ်ဇယ်(၃၀)ပင်၊ ကျွန်း(၃၀)ပင်၊ စိန်ပန်း(၃၀)ပင်၊ မာတာကွတ်(၃၀) ပင်၊ကုက္ကိုလ်(၃၀)ပင်၊ ထိုင်ဝမ်ဗန်ဒါ(၃၀)ပင် စုစုပေါင်း(၃၀၀)ပင်အား စိုက်ပျိုးပြီးစီးခဲ့ပါ ကြောင်းသိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သစ်တောဦးစီးဌာနမှ (၃.၇.၂၀၂၄) ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန် မိုးရာသီ သစ်ပင်စိုက်ပွဲအား ဝက်သည်းကန် သဘာဝ ထိန်းသိမ်းရေးနယ်မြေ တမာချောင်ကျေးရွာအနီးကျင်းပခဲ့ရာ၊ စလင်းမြို့နယ် အုပ်ချုပ်ရေးမှူး နှင့်မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့၊ NGOအဖွဲ့များ၊ ဆရာ/ဆရာမနှင့် ကျောင်းသား ကျောင်းသူများ စုစု‌ပေါင်းအင်အား (၁၅၀)ခန့် တက်ရောက်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနမှ ယင်းမာ(၂၀၀)ပင်၊ တမာ(၂၀၀)ပင်၊ ယူကလစ်(၂၀၀)ပင် စုစုပေါင်း(၆၀၀)ပင်အားစိုက်ပျိုးပြီးစီးခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Thursday, July 4, 2024 - 10:30