စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှမိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီ၀မျိုးစုံမျိုးကွဲနှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီ၀မျိုးစုံမျိုးကွဲနှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၃-၆-၂၀၂၆ ရက်နေ့ နေ့လည် (၁၄:၃၀)နာရီအချိန်တွင် ဖောင်းပြင်မြို့၊ မူလွန် (၈၇)ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းသား (၆၅)ဦး ကျောင်းသူ (၈၅)ဦး ဆရာ/ဆရာမ (၆)ဦးသစ်တောဦးစီးဌာနမှ ၀န်ထမ်း(၈)ဦး စု‌စုပေါင်း (၁၆၄)ဦး တက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် တောအုပ်ကြီးဦးသန်းဇော်၀င်းမှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေးနည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊သစ်ပင်စိုက်ပျိုးခြင်း၏အကျိုးရလဒ်များ၊ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည့်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, June 25, 2026 - 13:30