သထုံမြို့နယ်၊ပန်းတိမ်ကျေးရွာအခြေခံပညာမူလတန်း(လွန်)ကျောင်း၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ

(၂၃-၆-၂၀၂၆)ရက်နေ့(၀၉:၃၀)နာရီ၌သထုံမြို့နယ်၊နောင်ကုလားကျေးရွာအုပ်စု၊ပန်းတိမ်ကျေးရွာအခြေခံပညာမူလတန်း(လွန်) ကျောင်းတွင်သထုံမြိုနယ်သစ် တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပပြုလုပ်ခဲ့ရာဟော ပြောပွဲအခမ်းအနားသို့ပန်းတိမ်ကျေးရွာအခြေခံ ပညာမူလတန်း (လွန်)ကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊သ ထုံမြို့နယ်သစ်တောဦးစီးဌာနမှဝန် ထမ်းများကျား(၆၁)ဦး၊မ(၇၈) ဦး၊စုစုပေါင်း(၁၃၉)ဦးတက်ရောက်ခဲ့ပြီးဟောပြောပွဲအခမ်းအနားတွင်သထုံမြိုနယ်သစ်တောဦးစီးဌာနဦးစီးအရာရှိဦးတင်ထွန်းမှ"မိုးရာသီသစ် ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာအသိပညာဟောပြောခြင်း"အနေဖြင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင်သစ်ပင်သစ်တောများ၏အရေးပါမှု၊သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေအနေများအားပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များအားဖြန့် ဝေပေးအပ်ခြင်းနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာပေးဗွီဒီယိုမှတ်တမ်းပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, June 25, 2026 - 13:45