ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၂၄-၆-၂၀၂၆)ရက်နေ့(၁၃:၀၀)နာရီအချိန်တွင်သစ်တောဦးစီးဌာန၊မြန်အောင်မြို့နယ်မှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီအခြေခံပညာအထက်တန်းကျောင်း(ခွဲ)(မျှင်ဝါးတောင်)၌ “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ အထက(ခွဲ)(မျှင်ဝါးတောင်)မှ ကျောင်းအုပ်ဆရာမကြီးပါ ဆရာမ(၇)ဦး၊ ကျောင်းသား(၄၈)ဦး၊ ကျောင်းသူ(၅၀)ဦး၊ ဒေသခံပြည်သူကျား(၁၃)ဦးနှင့် သစ်တောဝန်ထမ်း(၄)ဦး စုစုပေါင်း(၁၂၂)ဦး [ကျား-၆၅ ဦး၊ မ-၅၇ ဦး] တက်ရောက်ခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးဇော်လင်းအောင်ကသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သောသစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ဖြေရှင်းရမည့်နည်းလမ်းများ၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးတို့အားအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီးသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ အထက(ခွဲ)(မျှင်ဝါးတောင်)ကျောင်းဝင်းအတွင်း ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်အတူကျွန်း(၄၀)ပင်နှင့် ပိတောက်(၁၀)ပင်အားသရုပ်ပြစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။



