စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ ( ၄. ၇. ၂၀၂၄ )ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဖောင်းပြင် - ဟုမ္မလင်း သွားကားလမ်းဘေး ခမရ(၃၆၈)တပ်ရင်းအနီးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ သစ်ပင် စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမိုးဝင်း ဦးဆောင်တက်ရောက် ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၅၀) ဦးတက်ရောက်ခဲ့ပြီးအမြင့် ( ၂ )ပေ အထက်ရှိသော ကျွန်း၊ ပျဥ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ တမာ၊ မန်ဂျန်ရှား စုစုပေါင်း (၅၅၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Friday, July 5, 2024 - 10:30