တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ဘုတ်ပြင်းမြို့ထောင်ခမက်ကျေးရွာအုပ်စု တောင်ဒဂုံ (အ.ထ.က)ကျောင်းတွင် သစ်တော နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ဘုတ်ပြင်းမြို့ထောင်ခမက်ကျေးရွာအုပ်စု တောင်ဒဂုံ(အ.ထ.က)ကျောင်းတွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပ ဆောင်ရွက်ပြီး ဖြစ်ပါသည်။ ၅.၇.၂၀၂၄ ရက်နေ့(သောကြာနေ့)၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၄၅)နာရီအထိ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အသိပညာပေးခြင်း၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူး ခေါင်းစဥ်များ ဖြင့်ဟောပြောပို့ချခဲ့ပါသည်။ ဦးဇော်သင်း၊ ဦးစီးအရာရှိ၊ သစ်တောဦးစီးဌာန၊ ဘုတ်ပြင်းမြို့နယ်မှ ဟောပြောပို့ချခဲ့ပါသည်။ ဟောပြောပွဲသို့ ဆက်စပ်ဌာနဦးစီးမှူး(၂)ဦး၊ တောင်ဒဂုံ(အ.ထ.က)ကျောင်းမှ ကျောင်းအုပ်ကြီး(၁)ဦး၊ ဆရာဆရာမ(၁၃)ဦး ကျောင်းသူ/ ကျောင်းသား(၁၇၂)ဦး၊စုစုပေါင်း (၁၈၆) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သစ်တောဦးစီးဌာနနှင့်အတူ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ လည်း အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲတွင် ကျောင်းသူ/ကျောင်းသား(၂)ဦးမှ ရာသီဥတုပြောင်းလဲမှု လျော့ချရေး အတွက် ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မည်သည့်သစ်မျိုးများ စိုက်ပျိုးသွားသင့် ပါသနည်း။ စက်ရုံ၊ အလုပ်ရုံများများပြားစွာ တည်ထောင်ခြင်းဖြင့် ပတ်ဝန်းကျင်အား ထိခိုက်မှု များရှိနေသည့်အတွက် မည်ကဲ့သို့ကာကွယ်ဆောင်ရွက်ရမည်နည်း။ မေးခွန်း(၂)ခုအားမေးမြန်း မှုအပေါ်ဦးစီးအရာရှိ ဦးဇော်သင်းမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

date: 
Friday, July 5, 2024 - 14:15