မြောင်းမြမြို့၊ ပညာရေးဒီဂရီကောလိပ်ခန်းမ၌မြောင်းမြခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၅-၇-၂၀၂၄)ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် မြောင်းမြမြို့၊ ပညာရေး ဒီဂရီကောလိပ် ခန်းမ၌မြောင်းမြခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် မြောင်းမြခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက "သစ်ပင်စိုက်ပါတို့ကမ္ဘာ၊ ဥတု ရာသီတောကိုမှီလို့" ခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်ဦးစီးအရာရှိ ဦးအောင်အောင်ဌေးက သစ်တောများ၏အကျိုးကျေးဇူးများ ခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောဆောင်ရွက်ခဲ့ရာ
ဟောပြောပွဲသို့ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဌာန ကြီးမှူးများ၊ ဆရာ/ဆရာမ များနှင့်သင်တန်းသား/သင်တန်းသူ များ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများစုစုပေါင်း(၃၅၀)ဦးတက်ရောက်ပါကြောင်း သိရှိရပါသည်။

date: 
Friday, July 5, 2024 - 15:00