ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၂၅-၆-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် လားရှိုးမြို့၊အထက်တန်းကျောင်း(ခွဲ)၊အမှတ်(၉)၊ အခြေခံပညာအလယ်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင်ကျင်းပဆောင်ရွက်ခဲ့ရာအမှတ်(၉)ကျောင်းမှ ဆရာမ(၅)ဦး၊ ကျောင်းသား(၄၃)ဦး၊ ကျောင်းသူ(၇၉)ဦးနှင့်သစ်တောဦးစီးဌာနမှ(၄)ဦး၊ စုစုပေါင်း(၁၃၁)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးလှိုင်မင်းထွန်းမှ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက်ကျောင်းသား/ကျောင်းသူများမှသိရှိလိုသည်များအား မေးမြန်းသည်ကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်းနှင့်ကျောင်းဝင်းအတွင်း ကံ့ကော်နှင့်သပြေပျိုးပင်များအားလက်တွေ့သရုပ်ပြစိုက်ပျိုးပြသခဲ့ပါကြောင်းသတင်းရရှိသည်။




