ပဲခူးတိုင်းဒေသကြီးတွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD- KFS REDD+စီမံကိန်းမှ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏အရေးပါမှုဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်း

ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက် သည့် FD- KFS REDD+ စီမံကိန်းနှင့် လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ "ရာသီဉတုပြောင်းလဲမှုနှင့် သစ်တောများ၏ အရေးပါမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ" ကို ၅.၇.၂၀၂၄ ရက်‌နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအသိပညာ ပေးဟောပြောပွဲတွင် ကျောင်းသားကျောင်းသူ(၁၂၀)ဦးတို့အား လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အခြေခံပညာဦးစီးဌာန၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးတို့မှ ဟောပြောပို့ချခဲ့ပြီး၊ ကျောင်းသား ကျောင်းသူများအားစီမံကိန်းမှ ထုတ်ဝေသည့် သစ်တောထိန်းသိမ်းရေးဆိုင်ရာ စာစောင်များ ဖြန့်ဝေခြင်း၊ ကျောင်းစာကြည့် တိုက်သို့ စီမံကိန်းမှ ထုတ်ဝေသည့် "သစ်တောထိန်းသိမ်းရေးနှင့်ဂေဟစနစ်ဝန်ဆောင်မှုများ ဆောင်းပါးများပေါင်းချုပ်စာအုပ်"နှင့် "သစ်တောများမှ ပေးစွမ်းသော ဘက်စုံအကျိုးကျေးဇူး များ" စာအုပ်များလှူဒါန်းခြင်း၊ သစ်တောပျိုးဥယျာဉ်တွင် သစ်ပင်ပြုစုပျိုးထောင်ခြင်း လုပ်ငန်းများအား လက်တွေ့ပြသခဲ့ကြောင်း သိရှိရပါသည်။

date: 
Saturday, July 6, 2024 - 17:15