ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်မှ မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

(၅–၇-၂၀၂၄)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင်၊ ကချင်ပြည်နယ်၊ သစ်တောဦးစီး ဌာန၊ ဗန်းမော်ခရိုင်/ဗန်းမော်မြို့နယ်မှ ဗန်းမော်မြို့နယ်အတွင်းရှိအ.ထ.က(၂)ကျောင်း၊ မြညီ လာခန်းမ၌ “ မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ“ကို ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး ၊ ဆရာ/ဆရာမ(၅)ဦးသစ်တော ဝန်ထမ်း(၁၀)ဦး၊ စုစုပေါင်း (၁၆၅)ဦး တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဗန်းမော်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကို-၁ က"သစ်တောများနှင့်ရာသီဥတုပြောင်းလဲ မှုလျော့ချရေး"၊ "သစ်တောများမှပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ"ခေါင်းစဉ်ဖြင့့် လည်း ကောင်း၊ ဗန်းမော်မြို့နယ် ဦးစီးအရာရှိ ဦးဖြိုးဇော်ဟိန်းက "သစ်တောလုပ်ငန်းများနှင့် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာ ပေးဟောပြောပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, July 6, 2024 - 17:15