စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ တမူးမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီ၀မျိုးစုံမျိုးကွဲနှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးတမူးခရိုင်၊ တမူးမြို့နယ် သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီ၀မျိုးစုံမျိုးကွဲနှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၅-၆-၂၀၂၆ ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် တမူးမြို့၊စော်ဘွား(၁၁)ရပ်ကွက်ဗောဓိတောရဘုန်းကြီးေကျာင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ တမူးမြို့ ဇေလူရည်ချွန် ကိုပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၂၅)ဦး၊ ဒေသခံပြည်သူ(၁၅)ဦးသစ်တောဦးစီးဌာနမှ ၀န်ထမ်း(၁၀)ဦးစုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် တမူးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကျော်းစိုးမှ မိုးရာသီကာလတွင် သစ်ေတာစိုက်ခင်းများတည်ထောင်ခြင်း၊ လူထုဖြန့်ပျိုးပင်များဖြန့်ဝေစိုက်ပျိုးခြင်း၊ စိုက်ပျိုးသည်ပျိုးပင်များအား ရှင်သန်ကြီးထွားမှုကောင်းမွန်စေရန် ပြုစုထိန်းသိမ်းခြင်းနည်းလမ်းများအားရှင်းလင်းပြောကြားခြင်း၊ သစ်တောသစ်ပင်များ၏အကျိုးကျေးဇူးများ သစ်တောသစ်ပင်များမရှိကကြုံတွေ့နိုင်သည့်အခက်အခဲဒုက္ခများအား ရှင်းလင်းပြောကြားခြင်း၊ဆက်လက်၍ ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဖြစ်သည့် တိရစ္ဆာန်နှင့်သစ်ပင်ပန်းမန်များကို ကာကွယ်ထိန်းသိမ်းမှုမပြုလုပ်ပါက မျိုးသုဉ်းပျောက်ကွယ်နိုင်ေကြာင်း ရှင်းလင်းပြောကြားခြင်း၊ဇီဝမျိားစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရေးမှာအဓိကအခန်းကဏ္ဍဖြစ်ပြော ပြောကြားခြင်း၊ CITES အကြောင်းဗဟုသုတ ပြောကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူ ကျောင်းသူကျောင်းသားများ၏ သိရှိလိုသည့်များေမးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


