စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ အတွင်းမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနသည် (၇.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကလေးဝမြို့နယ် မြို့ဦးရွှေမုဠောစေတီ ပရဝဏ် အတွင်းမိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ သစ်ပင်စိုက်ပျိုး ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဘုရားဂေါပကအဖွဲ့ဝင်လူကြီးများ စုစုပေါင်းအင်အား(၇၀)ခန့်တက်ရောက်စိုက်ပျိုးပေးခဲ့ကြပြီး အမြင့်(၂)ပေနှင့်အထက် ကံ့ကော်ပင်(၂၅၀)ပင်စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Monday, July 8, 2024 - 12:45