ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးဆောင် ၍ ကျောင်းသား/ ကျောင်းသူများအား “မိုးရာသီသစ်ပင်စိုက်ပျိုး၊ပြုစု၊ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနက ဦးဆောင် ၍ ကျောင်းသား/ ကျောင်းသူများအား “မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို (၈-၇-၂၀၂၄)ရက်နေ့၊(၀၉၀၀)နာရီတွင် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အခြေခံပညာအထက်တန်းကျောင်း (မြဝတီခန်းမ)၌ ကျင်းပပြုလုပ်ရာ မြို့အုပ်ချုပ် ရေးမှူးဦးသန့်ဇင်နှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဆရာ/ ဆရာမ၊ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၃၂၅) ဦးတို့တက်ရောက် ခဲ့ကြပြီး၊ ဦးစီးအရာရှိ ဦးသန်းစိုးနိုင်က မိုးရာသီကာလ သစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်း ခြင်းဆိုင်ရာနည်းစနစ်များနှင့် အကျိုးကျေးဇူးများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ ကျောင်းဝန်းအတွင်း (ခရေ၊ ကံ့ကော်၊ ကျွန်း၊ ပျဥ်းကတိုးနှင့် မဟော်ဂနီ စုစုပေါင်းပျိုးပင် (၂၅၀ပင်)စုပေါင်း အမှတ်တရ စိုက်ပျိုးခဲ့ကြ ကြောင်း သိရှိရပါသည်။

date: 
Monday, July 8, 2024 - 14:00