ဒိုက်ဦးမြို့နယ်၊သစ်တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှအစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကို(၂၅-၆-၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီ၌ ဒိုက်ဦးမြို့နယ်၊ အခြေခံပညာအထက် တန်းကျောင်း၊ ဗျက်ကြီးကျေးရွာတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ(၈၀)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၉)ဦး၊ စုစုပေါင်း (၈၉)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် ဦးစီးအရာရှိ ဦးတင်လင်းအောင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောသစ်ပင်များ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ အသိပညာပေးဟောပြောခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ အသိပညာပေးဟောပြောခြင်းနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်ပင်စိုက်ပျိုးမှု သရုပ်ပြခြင်း၊ ကျောင်းဝင်းအတွင်း အရိပ်ရ/ပန်းအလှပင်များ ကျောင်းသူ/ကျောင်းသားများနှင့် အတူတကွပူးပေါင်းစိုက်ပျိုးခြင်းကျင်းပဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။






