တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဌာနဆိုင်ရာ/အဖွဲ့အစည်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများ စုပေါင်း၍ “ဒုတိယ အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ” ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ၌ တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အောင်သီရိ ဘုရားဝန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းမှဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝန်ထမ်းများ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ် အရာရှိများ၊ PTTEP International Limited မှ Site Manager Mr.Pricha Chitta၊ ရတနာ လူမှုစီးပွားစီမံကိန်းမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ/အဖွဲ့အစည်းများ၊ ဆရာ / ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး ပျဉ်းကတိုး (၁၀၀)ပင်၊ သင်္ကန်း (၁၀၀)ပင်၊ ကံ့ကော် (၁၀၀)ပင်၊ ခရေ(၁၀၀)ပင်၊ သပြေ(၇၀)ပင်၊ သင်းဝင်(၇၀)ပင်၊ စုစုပေါင်း (၅၄၀)ပင်ကိုစိုက်ပျိုးခဲ့ကြပါသည်။

date: 
Monday, July 8, 2024 - 15:30