သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ခြင်း ဒါဘာပွဲပြုလုပ်

(၈-၇-၂၀၂၄)ရက်နေ့၊ နေ့လည်(၁:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ခြင်း ဒါဘာပွဲ ပြုလုပ်ဆောင်ရွက်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ ရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ထမ်းများ၏ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ပေးပို့တင်ပြခဲ့သည့် ဆန္ဒပြုလွှာ(၁၀)စောင်အပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက် ပေးခဲ့ပါသည်။

date: 
Monday, July 8, 2024 - 15:30