ပဲခူးတိုင်းဒေသကြီး၊သာယဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး‌ဟောပြောပွဲ"ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊သစ်တောဦးစီးဌာနမှအစိုးရဌာနဆိုင်ရာများ၏ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၂၅-၆-၂၀၂၆ )ရက်နေ့၊နံနက်( ၀၉:၃၀)နာရီအချိန်တွင် လက်ပံတန်းမြို့ နယ်၊ ကျွန်းက‌လေး‌ကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာ၊အခြေခံပညာအလယ်တန်းကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းဆရာမ(၈) ဦး၊ ကျောင်းသား(၉၀)ဦး၊ ကျောင်းသူ(၇၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၆)ဦး၊ စုစုပေါင်း(၁၇၄)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဦးစီးအရာရှိ ဦးဝင်းထိုက်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဦးစီး ဌာနမှ မိုးရာသီတွင် ပျိုးပင်များအား အခမဲ့ဖြန့်ဝေပေးနေမှု အခြေအနေ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ သစ်တောပြုစုထိန်းသိမ်းရေး၊ ရေသယံဇာတချွေတာရေးများအား ဆွေးနွေးဟောပြောခဲ့ပြီး၊ တောအုပ်ကြီး ဦးရဲနောင်သွင်မှ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျွန်းကလေးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး ရေးသားထုတ်ဝေသည့် သစ်တောထိန်းသိမ်းရေးနှင့် ဂေဟစနစ်ဝန်ဆောင်မှုများ ဆောင်းပါးများ စုစည်းမှုစာအုပ်(၁)အုပ်နှင့် သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများး၊ ဂေဟစနစ်များနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးများစုစည်းမှု စာအုပ်(၁)အုပ် စုစုပေါင်း စာအုပ်(၂)အုပ်အား ဖြန့်ဝေပေးအပ်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, June 26, 2026 - 15:15