မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှသဘာဝပတ်ဝန်းကျင်၊ လူသားတို့၏အပြုအမူရာသီဥတုပြောင်းလဲခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိမှ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းအစီအစဉ်အဖြစ် (၈.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀းဝဝ)နာရီအချိန်တွင်၊ ကျိုက်မရောမြို့နယ်၊ အခြေခံပညာ အလယ်တန်းကျောင်း(အ.လ.က-အထရံ)ကျောင်းတွင်” သဘာဝပတ်ဝန်းကျင်၊ လူသားတို့၏ အပြုအမူ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းရေးအသိ ပညာပေးဟောပြောပွဲ” အားကျင်းပပြုလုပ်ရာ ကျောင်းဆရာမ(၆)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၀၃)ဦးစုစုပေါင်း(၁၀၉)ဦး တက်ရောက်ပါကြောင်း သိရှိရပါသည်။

date: 
Tuesday, July 9, 2024 - 09:45