မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြောင်းတကာ)တွင်သစ်တော သစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို ပြည်သူလူထုအတွင်း နိုးကြားသောအသိစိတ်ဓာတ် ရှင်သန်စေရေးအတွက် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိရာ(၉-၇-၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြောင်းတကာ)၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာ ပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်သန်းဦး ဦးဆောင်သော ဆရာ/ဆရာမ(၈)ဦး၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်စင်ကျော်က သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များမှ ပေးစွမ်းနိုင်သည့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပြုစုခြင်း နည်းစနစ်များကို တက်ရောက်လာသူများ သိရှိနားလည်စေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

date: 
Tuesday, July 9, 2024 - 14:00