မွန်ပြည်နယ်၊ မော်လမြိုင်မြို့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ ၂၀၂၄ ခုနှစ် မိုးရာသီလေပြင်းဒဏ်ခံအုန်းပင်စိုက်ပျိုးပွဲအခမ်းအနားအားကျင်းပ

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ ၂၀၂၄ ခုနှစ် မိုးရာသီ လေပြင်းဒဏ်ခံ အုန်းပင်စိုက်ပျိုးပွဲအခမ်းအနားအား မွန်ပြည်နယ်အစိုးရ၏ကြီးကြပ်မှုဖြင့်၉-၇-၂၀၂၄ ရက်နေ့ နံနက် (၀၇:၃၀) နာရီအချိန်တွင် မော်လမြိုင်မြို့ သံလွင်မြစ်ကမ်းဘေး တရားလွှတ်တော်ရုံး အဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့နှင့်လူမှုရေး အဖွဲ့အစည်းများ၊ ပြည်သူလူထု စုစုပေါင်း(၂၅၀)ဦး တက်ရောက်ကြပြီး အုန်းပင်(၂၅၀)ပင် အား စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

date: 
Tuesday, July 9, 2024 - 14:15