ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ပြည်မြို့နယ်မှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပွဲဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မသစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀) အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို(၂၆-၆-၂၀၂၆ )ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ မှော်ဇာ ကျေးရွာအုပ်စု၊ လင်းရွာကျေးရွာ၊ အမကမူလွန်ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာကျောင်းဆရာမ(၆)ဦး၊ ကျောင်းဆရာ(၂)ဦး ကျောင်းသား(၄၆)ဦး၊ ကျောင်းသူ (၃၃) ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၉၁)ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးခင်မောင်ဌေးမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောပြုစုထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာကြောင်းများဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, June 29, 2026 - 11:00