တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ပြည်သူလူထုပူးပေါင်းသော သစ်ပင်စိုက်ပျိုးခြင်းအသိပညာပေး Talk Show အစီစဥ်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးဦးစိုးဦးမှ(၉-၇-၂၀၂၄)ရက်နေ့၊ နေ့လည်(၀၁:၀၀)နာရီအချိန်တွင် ပြည်သူ လူထု ပူးပေါင်းသောသစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးအစီစဥ်အား သစ်ပင်စိုက်ပါတို့ ပြည်ရွာသာယာလှပတင့်မောစွ ခေါင်းစဥ်ဖြင့် သစ်ပင်သစ်တောများမှ လူတို့အားပေးစွမ်းသော အကျိုးကျေးဇူးများ သစ်ပင်သစ်တောများ လျော့နဲလာခြင်းဖြင့် လူသားတို့ ခံစားရမည့် ဆိုးကြိုးများ သစ်ပင်သစ်တောများ စိုက်ပျိုးပြုစုခြင်းကို လူတိုင်းဆောင်ရွက်သင့်သည်။ သစ်ပင်သစ်တောများ ထာဝစဥ်တည်တံ့နေစေရန် ထိမ်းသိမ်းကာကွယ်ကျရမည်ဟူသော အသိပညာဗဟုသုတများ ရရှိနိူင်ရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Talk Showပြုလုပ်ဆောင်ရွက် ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Tuesday, July 9, 2024 - 14:45