ပဲခူးတိုင်းဒေသကြီး၊ ​သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပွဲဟောပြောပွဲ"ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို( ၂၆-၆-၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၀၀)နာရီအချိန်တွင် ကြို့ ပင်ကောက်မြို့နယ်၊ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင်ကျင်းပဆောင်ရွက်ခဲ့ရာကျေးရွာများမှဒေသခံပြည်သူကျား(၅၀)ဦးနှင့်မ(၁၅)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦးစုစုပေါင်း(၆၈)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဦးစီးအရာရှိ ဦးတင် မြတ်မှမိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ မိုးရာသီတွင်သစ်တောဦးစီးဌာနမှပျိုးပင်များအခမဲ့ဖြန့်ဝေပေးနေမှုအခြေအနေ၊သစ်တောဦးစီးဌာနမှဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများ၊သစ်တောပြုစုထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလို သည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, June 29, 2026 - 11:00