ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့တွင် သစ်‌တောဦးစီး‌ဌာနမှ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့တွင် သစ်‌တောဦးစီး‌ဌာန မှသစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၉.၇.၂၀၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် အမှတ်( ၃)ရပ်ကွက်၊ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)တွင်ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ လွိုင်လင်ခရိုင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် သစ်တောသစ်ပင်များ၏ ကောင်းကျိုးများအကြောင်း အသိပညာ‌ပေးပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ လွိုင်လင်မြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးမောင်မျိုးက ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး၊ ဇီဝမျိုးစုံမျိုးကွဲ များအကြောင်း၊ သစ်တောနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းရေးအကြောင်း၊ သစ်တောများက ပေးစွမ်းနိုင် သော အကျိုးကျေးဇူးများ‌အကြောင်းတို့ကို အသိပညာပေး‌ဟောပြောကာ သစ်တောမှရရှိသော အကျိုးကျေးဇူးများကို ဗီဒီယိုမှတ်တမ်းဖြင့်ပြသခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမ (၁၃)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၈၀)ဦး စုစုပေါင်း(၁၉၃)ဦးတို့မှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ ပါသည်။ ထို့နောက် သစ်တောဦးစီးဌာနဝန်ထမ်းများက ကျောင်းဝင်းအတွင်း ကံကော်၊ စိန်ပန်းနီ၊ ကျွန်း၊ ပျဥ်းကတိုး၊ သပြေဘူတ၊ ခရေပင် စုစုပေါင်း(၁၅၈)ပင်ကို ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် အတူတကွစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Tuesday, July 9, 2024 - 15:45