မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
၂၅-၆-၂၀၂၆ရက်နေ့၊ နေ့လည်(၂:၀၀)နာရီအချိန် မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဦး နှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးဆောင်အဖွဲ့နှင့် သစ်တောဝန်ထမ်းများ ကျား(၈၇)ဦး၊ မ(၁၀၈)ဦး၊ စုစုပေါင်း(၁၉၅)ဦးတက်ရောက်ခဲ့ကြပြီး မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းမှ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးဟောပြောခြင်း၊ Video Clip ပြသခြင်း၊ ကျောင်းသူ/ကျောင်းသားများ၏ မေးမြန်းမှုကိုဖြေကြားခြင်း၊ မန်ဂျန်ရှားပျိုးပင်(၅၀)ပင်၊ ကျွန်:(၁)ပင်၊ မဟော်ဂနီ(၃)ပင်၊ အော်ရီရှား(၆)ပင်၊ စုစုပေါင်း(၆၀)ပင်အား ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးရန်သရုပ်ပြရှင်းလင်းခြင်းနှင့် ကျောင်းဝင်းအတွင်း ကျောင်းသူ/ကျောင်းသားများမှ လက်တွေ့စိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း နှင့် နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြပါရှိရေးဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



